
သင်းမြတ်သူ
အထွေထွေမန်နေဂျာဒေါ်သင်းမြတ်သူသည် မြန်မာဒါရိုက်တာများအင်စတီကျု (MIoD) တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ အဖွဲ့အစည်း၏ ဆက်သွယ်ရေးလုပ်ငန်းများ၊ အစီအစဉ်များနှင့် ပွဲအခမ်းအနားများ စီစဉ်ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပါသည်။
မြန်မာနိုင်ငံရှိ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် လုပ်ငန်းအတွေ့အကြုံ ၁၅ နှစ်ကျော် ရရှိထားပြီး လုပ်ငန်းလည်ပတ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းများကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။
ဒေါ်သင်းမြတ်သူသည် ဖိလစ်ပိုင်နိုင်ငံရှိ Aldersgate College မှ ပြည်သူ့အုပ်ချုပ်ရေး မဟာဘွဲ့ (MPA) နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိထားပါသည်။ ထို့အပြင် ABE (UK) မှ စီးပွားရေးစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာနှင့် စီးပွားရေးဥပဒေ အထူးပြု ဒီပလိုမာတို့ကိုလည်း ရရှိထားပါသည်။
