Our board members
Our board members are a diverse group of business leaders and advocates of good corporate governance in Myanmar. They include prominent company CEOs, and heads of organisations representing market stakeholders.

ဒေါ်သီရိသန့်မွန်
Board Memberဒေါ်သီရိသန့်မွန်သည် Myanmar Institute of Directors ၏ အချိန်ပိုင်း အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ US၊ UK နှင့် Myanmar နိုင်ငံတို့တွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိပြီး၊ Pegu Partners ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Yoma Strategic ၏ အလုပ်အမှုဆောင်ခေါင်းဆောင်အဖွဲ့ဝင်တစ်ဦးအနေနှင့်လည်းကောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံ နှင့် မြန်မာနိုင်ငံကဲ့သို့သော ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်နေသည့် နိုင်ငံများကို အဓိကထားသော UK ပရဟိတအသင်းဖြစ်သည့် Turquoise Mountain ဖောင်ဒေးရှင်း၏ အုပ်ထိန်းရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ဒေါ်သီရိသန့်မွန်သည် William & Mary မှ စီးပွားရေးဘွဲ့ရခဲ့ပြီး London Business School မှ MBA ဘွဲ့ကိုလည်း ရရှိခဲ့ပါသည်။













